မိုးနဲမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဂျတ်ခုတ်သင်တန်းဖွင့်

မိုးနဲ  ဖေဖော်ဝါရီ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအ‌နေဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့နည်းစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံဂျတ်ခုတ်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့နံနက် ၁၁ နာရီ အချိန်က ခဲတောင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အခြားအသက်မွေးဝမ်းကြောင်းအထောက်အကူပြုသက်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ‌ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်း/သားသင်တန်းသူများ (၂၀)ဦးကို တစ်လကြာ အခြေခံဂျတ်ခုတ်ပညာကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)