Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာတွင် တတိယအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်း ထုတ်ချေး
Feb 06,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ ဂါတ်ကုန်းကျေးရွာသို့ သွားရောက်ပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် တတိယအကြိမ်မြောက် စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး
Feb 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး အသက်(၆၀)နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး BoosterDose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းကငါးထပ်ကြီးဘုရားရင်ပြင်တော်၌ စတင်ထိုးနှံပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Feb 06,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ကုန်းတဲ၊ မြို့မဈေး၊ ဆုံတွင်း၊ ဝါးခွ ကျေးရွာအုပ်စုများမှ အသက် (၁၈) နှစ်အထက် ပြည်သူများကို ယမန်နေ့က သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ ကျောက်ခဲချောင်ကျေးရွာနှင့် ရေလျှံကျေးရွာတို့တွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအ…
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရွာသာကြီးကျေးရွာအုပ်စု၊ ကျောက်ခဲချောင်ကျေးရွာနှင့် ရေလျှံကျေးရွာတို့တွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့တွင်ခရီးသွားပြည်သူများ၊ကုန်တင်ကုန်ချအလုပ်သမားများ၊ဆိုင်ကယ် (Taxi)မောင်းသူများအား(RTD) Test Kits ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ဆောင်ရွက်
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မြို့ နယ်အတွင်း ခရီးသွားပြည်သူများ ကုန်တင်ကုန်ချ အလုပ်သမားများ၊ ဆိုင်ကယ် (Taxi)မောင်းသူများအား(RTD) Test Kits ဖြင့်ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးဆောင်ရွက်ခြင်းကိုယမန်နေ့နံနက်ပိုင်းက ပြင်စလူမြို့၊ကမ်းနားလမ်းရှိ ကုန်တင်ကုန်ချဆိပ်ကမ်းကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့တွင် ရုံးပိတ်ရက် အလုပ်နားရက် ဘုရားဖူးသူများဖြင့် စည်ကား
Feb 06,2022
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတွင် ရုံးပိတ်ရက် အလုပ်နားရက်များဖြစ်သည့် ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထအကြိမ် ထိုးနှံပြီးသူ ၁၁၅၂၉၄ ဦးရှိပြီး ဒုတိယအကြိမ်ထိုးနှံပြီးသူ ၈၆၂၈၇ ဦးရှိ
Feb 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ် ဆေးထိုးစုရပ်များ ဖွင့်လှစ် ထိုးနှံပေးလျက်ရှိရာ၊ ဖေဖော်ဝါရီ(၄)ရက်နေ့အထိ ပထမကြိမ်ဆေးထိုးနှံပြီးသူ (၁၁၅၂၉၄)ဦးရှိပြီး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ (၈၂၈၇၆)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ် သင်ကြား
Feb 06,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင် မရမ်းကုန်း မြို့နယ်ကြက်ခြေနီ အသင်းခွဲကကြီးမှူးဖွင့်လှစ်သော (၁/၂၀၂၂) ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက အမှတ် (၈)ရပ်ကွက် ရေကူးဘူတာရုံလမ်းရှိ လောကသစ္စာဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22647
Page
22648
Page
22649
Page
22650
Current page
22651
Page
22652
Page
22653
Page
22654
Page
22655
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department