Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာမွေမြို့နယ်တွင် လက်သင်္ကေတပြ ဘာသာစကား အသုံးပြု၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Feb 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းသား/သူလေးများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း အချိန်က တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)တွင် လက်သင်္ကေတပြဘာသာစကား အသုံးပြု၍ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) အကြောင်း အသိပညာပေးဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်စိမ်းကျေးရွာတွင် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ
Feb 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာတွင် လားဟူရိုးရာ စုပေါင်း နှစ်သစ်ကူးပွဲတော်ကို လားဟူနှစ်ခြင်း ဘုရားကျောင်းဝင်းတွင် တပို့တွဲလဆန်း(၁)ရက်နေ့မှစ၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် (အနားယူ) (အစားထိုးခြင်း) ဆိုင်ရာ အခမ်းအနားကျင်းပ
Feb 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သံဃာ့နာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဆင်ပေါင်ဝဲမြို့ နယ်၊ အမှတ်(၂)ရပ်ကွက်၊သတိပဌာန်ကျောင်း တိုက်တွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Feb 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ဖေဖော်ဝါရီ၄နေ့နံနက် (၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်/ထိန်းချုပ်/ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အသင်းဝင်များအား ဂုဏ်ပြု…
Feb 06,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခဲ့သည့်ကာလ၌ ရောဂါ ကာ ကွယ်/ ထိန်းချုပ်/ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းဝင်များအား ဂုဏ်ပြုပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော်တွင် စုပေါင်းသန့်ရှင်းရေးများပြုလုပ်
Feb 06,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် အထက်ပစ္စယံ၊ ရင်ပြင်တော်၊ အလယ်ပစ္စယံ၊ အောက်ပစ္စယံတို့တွင် ယမန်နေ့ နံနက် (၆) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဌာနဆိုင်ရာဝန်ထမ်း (၆၂၈) ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှဝန်ထမ်း(၂၅၀)ဦး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်(၅၀)ဦး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အင်အား (၇၅) ဦး၊ စုစုပေါင်း ဝန်ထမ်း အင်အား (၁၀၀၃) ဦးမှ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
Feb 06,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ယခု ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမခြောက်လပတ်ဘတ်ဂျတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေသည့် လုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 06,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် အကြို စာအုပ်စာစောင်ပြပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22643
Page
22644
Page
22645
Page
22646
Current page
22647
Page
22648
Page
22649
Page
22650
Page
22651
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department