Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လမြိုင်မြို့ သမိုင်းဝင်နဂါးမောက် စေတီတော်ကြီးတွင် အပတ်စဉ်အာဟာရဒါန စတုဒီသာဖြင့် ကူသိုလ်ယူလျက်ရှိ
Feb 06,2022
မော်လမြိုင်မြို့နယ်တွင် သမိုင်းဝင်တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများစွာရှိသည့်အနက်မှနဂါး မောက်စေတီသည် တစ်ဆူအပါအဝင် ဖြစ်သည့်အတွက် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူခြင်းအပြင် အာဟာရဒါန စတုဒီသာများဖြင့် လည်း သုံးဆောင်နိုင်ကြစေရန် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီတွင်လည်း ကုသိုလ်ယူ ဧည့်ခံကျွေးမွေးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ ကျေးရွာ(၄)ရွာမှပြည်သူများ ကဏ္ဍစုံဖွံ့ဖြိုးရေး မြောင်းဦး-ရန်ပုံနှစ် ကျေးရွာချင်းဆက်လမ်းအား ဂျင်းကျောက်မြေခင်းပေး
Feb 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာမှ ပြည်သူများ ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် မြောင်းဦး-ရန်ပုံနှစ် ကျေးရွာချင်းဆက်လမ်းအား ဂျင်းကျောက်မြေခင်းပေးခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင်ပြုရန်ပုံ ငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းသီးနှံကွင်းသရုပ်ပြပွဲ ကျင်းပ
Feb 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းသီးနှံကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက မြို့မ(၁)ရပ်ကွက်၊ စွယ်တော်ရပ်ရှိ တောင်သူ ဦးဆန်းလှိုင်၏ ဆောင်းသီးနှံစိုက်ခင်းတွင် ပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကံဆောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Feb 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား၊ အသက်(၁၇)နှစ်အောက် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျောက်တံခါး ဖူဆယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ ညနေ ၄:၃၀ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စ…
Feb 06,2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်ပိုင်း က ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသထွက် ငရုပ်သီးစိမ်းများ စျေးကောင်းရရှိ၊ ငရုပ်စိုက် တောင်သူများ အဆင်ပြေနေ
Feb 06,2022
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်တွင်မြေအောက်ရေအသုံးပြု၍ငရုပ်မျိုးစိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာ သည့် ငရုပ်သီးစိမ်း တစ်ပိဿတစ်ထောင့်ငါးရာကျပ်၊နှစ်ထောင်ကျပ်ခန့် ရောင်းချရခြင်းကြောင့် ငရုပ်မျိုးစိုက်ပျိုးရောင်းချသူ တောင်သူများ အဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ အခမ်းအနား ကျင်းပ
Feb 06,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဈေးရောင်းသား/သူများနှင့်ပူးပေါင်းကာ ယမနေ့ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ကွန်တိုင်စျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့ သရုပ်ပြအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22642
Page
22643
Page
22644
Page
22645
Current page
22646
Page
22647
Page
22648
Page
22649
Page
22650
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department