ကျောက်ဆည် ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာမှ ပြည်သူများ ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် မြောင်းဦး-ရန်ပုံနှစ် ကျေးရွာချင်းဆက်လမ်းအား ဂျင်းကျောက်မြေခင်းပေးခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင်ပြုရန်ပုံ ငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလမ်း ကျေးရွာချင်းဆက်လမ်းအား ခွင့်ပြုရန်ပုံငွေကျပ် (၃၆.၅၆၀)သန်း အကုန်အကျခံကာ အရှည် (၂)မိုင် (၃)ဖာလုံ၊ အကျယ် (၁၈)ပေ၊ ထု (၄)လက်မအမြင့်ရှိ ဂျင်းကျောက်မြေခင်းပေးခြင်း လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းများရာနှုန်းပြည့် ပြီးစီပြီဖြစ်သောကြောင့် မြောင်းဦး၊ ကြက်ဆင်၊ ရန်ပုံနှစ်၊ ကျီးပြကျေုးရွာ (၄)ရွာမှ အိမ်ခြေ (၆၄၈)အိမ်၊ လူဦးရေ (၃၀၃၂)ဦးတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လုပ်ငန်းများ ပိုမိုအဆင်ပြေ ဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာ တွင်လည်း အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်အတွင်း အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက် လမ်းများအား အဆင့်မြှင့်တင်ပေးခြင်း၊ ကျေးလက်လမ်းများပေါ်ရှိ တံတားများအား ဘဏ္ဍာနှစ်အလိုက် ဆောက်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
သက်မောင်