မော်လမြိုင်မြို့ သမိုင်းဝင်နဂါးမောက် စေတီတော်ကြီးတွင် အပတ်စဉ်အာဟာရဒါန စတုဒီသာဖြင့် ကူသိုလ်ယူလျက်ရှိ

မော်လမြိုင်     ဖေဖော်ဝါရီ    

 

မော်လမြိုင်မြို့နယ်တွင်  သမိုင်းဝင်တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများစွာရှိသည့်အနက်မှနဂါး မောက်စေတီသည် တစ်ဆူအပါအဝင် ဖြစ်သည့်အတွက်   ရပ်နီး၊  ရပ်ဝေးမှ ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူခြင်းအပြင် အာဟာရဒါန  စတုဒီသာများဖြင့် လည်း သုံးဆောင်နိုင်ကြစေရန် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီတွင်လည်း ကုသိုလ်ယူ ဧည့်ခံကျွေးမွေးနေပြီဖြစ်ကြောင်း သိရသည်။

အာဟာရဒါနစတုဒီသာဖြင့် ကုသိုလ်ယူကြရာတွင်  ၂၀၂၁ခုနှစ်၊  နိုဝင်ဘာလမှစတင်၍  နဂါး မောက်စေတီတော်ကြီး၏ ဆရာတော်ဦးနရန္ဒိ  ဦးဆောင်မှုဖြင့်  အလှူရှင်အဂ္ဂမဟာ  သီရိသုဓမ္မမဏိ ဇောတဓရ  ဦးလှထွန်းမိသားစု  (ကိုလှထွန်းငရုတ်သီးမှုန့်လုပ်ငန်း)မှ  မတည်လှူဒါန်းမှု  အပါအဝင် စေတနာရှင်၊အလှူရှင်များက သဒ္ဒါတရားနည်းများမဆိုပါဝင်လှူဒါန်းပေးလျက်ရှိပြီးဧည့်ခံကျွေးမွေး ခြင်းကိုလည်း ရက်သတ္တပတ်တစ်ပတ်လျှင်ဗုဒ္ဓဟူးနေ့နှင့်အများပြည်သူပိတ်ရက်ဖြစ်သည့်တနင်္ဂနွေနေ့တို့တွင်နံနက်၁၀နာရီမှ ညနေ၆နာရီထိ  ကုသိုလ်ယူကြသည်။ အလားတူ စေတနာရှင်၊ အလှူရှင်များ ကလည်း အလှူငွေလာရောက်လှူဒါန်းပေးခြင်းများရှိသကဲ့သို့  အချိုရည်၊  မုန့်အစ ရှိသည့်   လှူဖွယ် ပစ္စည်းများကိုလည်း  သဒ္ဒါတရားထက်သန်စွာ    ကိုယ်တိုင်ကိုယ်ကျ  လာရောက်လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)