နမ္မတူတွင် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

နမ္မတူ   ဖေဖော်ဝါရီ   ၈

ဖေဖော်ဝါရီလ (၇)ရက်နေ့ ယနေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ် နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေ့ဦးစွာ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံနှင့် ရှမ်းပြည်နယ် အလံအား လေးပြုခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက ဖတ်ကြားပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံက ပေးပို့သည့် အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇော်အောင်က ဖတ်ကြားပေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ဝင်များက စုပေါင်းအမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း ထံကသိရသည်။

လူမော် (ပြန်/ဆက်)