ကျောက်ဆည် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီခွဲက အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း သိရှိရသည်။
အခမ်းအနားမှူးသင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အခမ်း အနားမှူးဆိုသည်မှာ အခမ်းအနားတစ်ခု အောင်မြင်ချောမွေ့စွာ ပြီးမြောက်နိုင်ရေးအတွက် ဦးဆောင်သူ၊ တာဝန်ရှိသူဖြစ်ရာ အခမ်းအနားများ တွင်သာမက အစည်းအဝေးများကျင်းပရာတွင်လည်း အခမ်းအနားမှူးတစ်ယောက်တွင်ရှိရမည့် အဓိက အရည်အချင်းများ သိရှိစေရန် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်ဒေါ်နွဲ့နွဲ့ရီက အခမ်းအနားမှူးတစ်ဦးအနေဖြင့် အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာ သုံးစွဲပြောကြားရေး ၊ကြိုတင်ပြင်ဆင်ရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားမှူးသင်တန်းတွင် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနမှ သင်တန်းသူ(၂၅)ဦး တက်ရောက်ပြီး သင်တန်းကို ဖေဖော်ဝါရီလ (၈)ရက်နေ့မှ (၉)ရက်နေ့အထိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင် ထွေး၊ ဦးစီးအရာရှိဒေါ်ခင်နှင်းရီနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်ဒေါ်နွဲ့နွဲရီ တို့က စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်တင်ထွေး