သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပညာ အခြေခံသင်တန်း ဖွင့်လှစ်

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်တွင်  ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့မှ ပူးပေါင်း၍ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်၊ ပညာနေခြည်ခန်းမ၌ မြန်မာ့ရိုးရာအခြေခံ ခြင်းလုံးခတ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်နှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်တို့မှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်မှ မြန်မာ့ရိုးရာခြင်းလုံးအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် နာယက ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နည်းပြများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုင်းနှင့် ခရိုင်အဆင့်မှ တာဝန်ရှိသူများ၊ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ၊ တွဲဖက်ပါမောက္ခ ဆရာ၊ ဆရာမများနှင့် အတူ လုပ်ငန်းခွင် အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၇/၂၀၂၀)  သင်တန်းသား/ သင်တန်းသူအင်အား(၁၄၅)ဦးနှင့် စုစုပေါင်း အင်အား(၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စန္ဒာမိုး