ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများ ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ကတ်များအား ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ကိုင်ဆောင်သင့် သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဆိပ်ကလေးကျေးရွာအုပ်စု တောင်ပေါက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းသွားရောက်ပြီး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ
ကြောင်းသိရသည်။
ထို့သို့ပန်းခင်းစီမံချက်ဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ လုပ်ငန်းစဉ်များ ပြုလုပ် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် အိမ်တိုင်း အိမ်ထောင်စု လက်ဝယ်ရရှိရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းသွားရောက်ပြီး ပြုလုပ်ဆောင်ရွက်ပေးနေမှု လုပ်ငန်းစဉ်များ အား ခရိုင်ဦးစီးမှူး ဦးအက်စလင်းရောင်မှ ဒေသခံပြည်သူများ သိရှိနားလည်နိုင်စေရေး အတွက် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား အဆိုပါ ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ စီမံချက်များနှင့် အညီ အဆိုပါ ကျေးရွာအုပ်စုရှိ ကျေးရွာမှ ဒေသခံတိုင်း ရင်းသားမိဘပြည်သူများ လက်ဝယ်အရောက် ပေးအပ်နိုင်စေရေးအတွက် ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး