စစ်ကိုင်း ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ (၈)ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ကို တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများက အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အခမ်းအနားများ ကျင်းပရာတွင် လုံခြုံရေးသတိ ရှိကြရန်မှာကြားလိုပါကြောင်း၊ တာဝန်ရှိသူအားလုံး အနေဖြင့် စိတ်တူကိုယ်တူဖြင့် လုပ်ဆောင်မှသာ အောင်မြင်မှုရရှိမည်ကို သိရှိနားလည်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် များအသီးသီးရှိ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီများ အသီးသီးအလိုက် အင်ပြည့်အားပြည့် ဆောင်ရွက်ကြရန် မှာကြားလို ပါကြောင်း ပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး လူမူရေးဝန်ကြီး ဦးအေးလိူင်က (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ အသီးသီးမှ တာဝန်ရှိသူများများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသောလုပ်ငန်း များဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ လုပ်ငန်း များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအသီးသီးမှ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ သည် ညနေ(၄)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး စာရင်းအင်းအချက် အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)သို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ တိုင်းဒေ သကြီးတာဝန်ခံမှ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ ရေးဆိုင်ရာ အချက်အလက် များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီ အဖွဲ့ဝင်များက လုပ်ငန်း များနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်