အမြို့မြို့အနယ်နယ်သတင်းများ

Feb 09,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယမန်​နေ့ နံနက် ၁၀ နာရီအချိန်က (၇၅)နှစ်​မြောက်စိန်ရတု ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ​​ဆောင်ရွက်ခဲ့သည်။
Feb 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ယမန်နေ့နံနက် ၁၀နာရီခွဲက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။
Feb 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စု နေ့ သမိုင်းအကြောင်း သိကောင်းစရာများနှင့် စာပေရသအကြောင်း အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြပြုဗဟိုဌာန ကျင်းပပြုလုပ်ခဲ့သည်။
Feb 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မူလတန်းအဆင့်ပန်းချီ ပြိုင်ပွဲနှင့်‌ ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Feb 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Feb 09,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဈေးနှုန်းနှင့် အချင်အတွယ် မှန်ကန်စေရေး၊ မီးဘေးလုံခြုံမှု ရှိစေရေး တို့အတွက် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 09,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းမှစ၍ အဆိုပါ အင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။