အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2022
ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုလေ့လာမှု တိုးတက်လာစေရန်နှင့် စာအုပ်စာပေများအပေါ် စိတ်ပါဝင်စားမှု ရှိလာစေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။
Feb 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင် ကာကွယ် နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ရုရှားနိုင်ငံထုတ် Sputnik Light ကာကွယ်ဆေးကို အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံ ပေးလျက်ရှိသည်။
Feb 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကြီးကြပ်ကာ အသိပညာပေးလုပ်ငန်းနှင့် မာ့(စ်)ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကို ယမန်နေ့ နံနက်ပိုင်းက လူသူအသွားအလာ များပြားစုဝေးရာ ဈေးများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖေဖော်ဝါရီ(၁၂) ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ပလောက်မြို့၊ စည်ပင် သာယာဈေးကြီးနှင့်ထားဝယ်-မြိတ် ကားလမ်းမကြီးတို့တွင် ပြုလုပ်ခဲ့ကြသည်။
Feb 10,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူ များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက ရသစ်ကျေးရွာနှင့် ကျောဇီကျေးရွာ များသို့ သွားရောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVID SHIELD) နှစ်ကြိမ် ထိုးနှံပြီး သည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ကစတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မင်းလှမြို့၊ ရုံးရပ်တောင်ရပ်ကွက်ရှိ ဦးကင်းဘုရား ဓမ္မာရုံ၌ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မြင်တော်ကျေးရွာအုပ်စု တိုက်ကုန်းကျေးရွာတွင် မုံလာဥဖြူ စိုက်ပျိုးခြင်းဖြင့် နှစ်လအတွင်း အမြတ်ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း မုံလာဥဖြူ စိုက်ပျိုးသူ တောင်သူထံမှ သိရသည်။