မင်းဘူး(စကု)မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ဈေးနှုန်းနှင့် အချင်အတွယ်မှန်ကန်ရေး မီးဘေးလုံခြုံမှု ရှိမရှိတို့ကို လိုက်လံစစ်ဆေး

မင်းဘူး ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဈေးနှုန်းနှင့် အချင်အတွယ် မှန်ကန်စေရေး၊ မီးဘေးလုံခြုံမှု ရှိစေရေး တို့အတွက် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့်အတူ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ဈေးနှုန်းမြင့်တက်၍ ရောင်းချခြင်းရှိမရှိ၊ အချင်အတွယ် မှန်ကန်စေရေးနှင့် ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်၍ ပစ္စည်းများထားသိုမှု စနစ်တကျရှိရေး၊ အမှိုက်သရိုက်ကင်းစင်ရေး၊ မီးသတ်ဆေးဗူးများ အဆင်သင့် ထားရှိရေး၊ ဆီသိုလှောင်ကန်များ စနစ်တကျထားရှိရေး၊ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲ၍ ဝါယာရှော့ ဖြစ်ပေါ်နိုင်သည့်အတွက် ဂရုတစိုက် ကိုင်တွယ်ရေးနှင့် အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ရေကန်များ ထားရှိပြီး ရေအပြည့်ရှိစေရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်