အမြို့မြို့အနယ်နယ်သတင်းများ

Feb 13,2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်ရောဂါကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များအား Sputnikကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးမှုကို ယမန်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့တော်ဦးပရိယတ္တိစာသင်တိုက်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 13,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဆေးထိုးစုရပ်(၄)နေရာတွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်း ချက်များနှင့် အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် ဆေးထိုးစုရပ်များအလိုက် ကာကွယ်ဆေးလာရောက် ထိုးနှံလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
Feb 13,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ ၄၀ မိနစ် က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 13,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကွန်ကရစ် ကျောက်ချောတက် လမ်းဖွင့်ပွဲ အခမ်းအနားကို မေတ္တာမြို့၊ ဆူးလေပုံတူ ဘုရားတက်လမ်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 13,2022
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Feb 13,2022
၂၀၂၂ ခုနှစ်၊ ( ၇၅ ) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ( ၆ ) ၊ တိုင်းရင်းသားအထိမ်းအမှတ်ဉယျာဉ်ရှိ ပြည်ထောင်စု ရင်ပြင်ရှေ့၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ /ဆရာမများ နှင့် ဆုရကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်