(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသက် ၁၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲကျင်းပ 

ပုသိမ် ဖေဖော်ဝါရီ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မိုက်ခရို မာရသွန်ပြိုင်ပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင် တက်ရောက်၍ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။

 

မိုက်ခရို မာရသွန်ပြိုင်ပွဲတွင် ကျား ၅၇ ဦး၊ မ ၃၀ ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ကန်သာယာကွင်းအရှေ့မှ စတင်တာလွှတ်ကာ ကန်သာယာ ကန်ပတ်လမ်းမှ ပုသိမ်တက္ကသိုလ်ဝန်းကိုပတ်ကာ ပုသိမ်မြို့ မဟာဗန္ဓုလလမ်းအတိုင်းပတ်၍ ပြည်ထောင်စုကွင်းသို့ ပြန်လည်ပန်းဝင်ခဲ့ကြသည်။

 

ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားအပြီးတွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများမှ ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

ပုသိမ် ခရိုင်ပြန်/ဆက်