ဒေါ့ဖုန်းယန် ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၈ နာရီအချိန်က စာအုပ်စာစောင်၊ နံရံကပ်/ဓါတ်ပုံပြပွဲ ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။
ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား/ ကျောင်းသူများနှင့် ရပ်ကွက်နေ ပြည်သူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် စာအုပ်စာစောင် ပြပွဲအနေဖြင့် သုတ/ ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ ဂျာနယ်နှင့် နိုင်ငံတော်ပြန်တမ်းများအပြင် နံရံကပ်/ ဓါတ်ပုံပြပွဲအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဦးတည်ချက်(၉)ရပ် နံရံကပ်/ဓါတ်ပုံပြပွဲတို့ကို ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်(ပြန်/ဆက်)