မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေစကားဝိုင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါစာပေ စကားဝိုင်းတွင် ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလှဌေး၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)၊ စာရေးဆရာဇေယျာညီညီနှင့် စာရေးဆရာမစံတိုက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)