အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန် နှင့် ကူးစက်မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ကို ယနေ့ နံနက်ပိုင်းက စစ်တောင်းတံတား အဝိုင်းပတ်တွင် ပြန်လည်ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင် ကာကွယ်ရေး အသိညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံနှင့် မြို့မဈေးအတွင်း/အပြင် လူစည်ကားရာနေရာများတွင် Mask Campaign  ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask တပ်ဆင်သွား လာစေရန် ယနေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာ ရွှေတောင်မြို့မဈေးကြီး အနီးလမ်းမတွင် ပုံမှန်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်း သာယာစိုပြေစေရေးအတွက် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အဂ္ဂရာပြည့်ကျေးရွာအုပ်စု၊ ရှားပြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၇၈)တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 28,2021
မိတ္ထီလာမြို့ လူစည်ကားရာဈေးနေရာများတွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် အသိပညာပေးခြင်း  လုပ်ငန်းများကို ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် မြို့နယ်မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများ တွင် ယမန်နေ့ နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 28,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း မိုး၊ ဆောင်း၊ နွေရာသီ စိုက်ပျိုးသီးနှံများ အထွက်နှုန်းပိုမိုတိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံစေရေး၊ အာဟာရပြည့်ဝ သော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အစားအစာများ ဘေးကင်းလုံခြုံစွာ စိုက်ပျိုးထုတ်လုပ်နိုင်ကြစေရန် ရည်ရွယ်၍ တောင်သူ စွမ်းဆောင်ရည်မြှင့်သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်သင်ကြားခဲ့ ကြောင်း သိရသည်။
Jun 28,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှာခေါင်းစည်း MASK များ အခမဲ့ဖြန့်ဝေခြင်းနှင့် Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။