ဗန်းမော် ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ်ကျင်းပခဲ့သော ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဘော်လီဘောအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အနားအခမ်းကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအား ကစားပြိုင်ပွဲဖြစ်သည့် ကြက်တောင်ရိုက်(Mix Double)ပြိုင်ပွဲနှင့်ဘော်လီဘော (ကျား)အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဗန်းမော်မြို့နယ် အတွင်းရှိ အားကစားဝါသနာရှင်များက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့နက်နံပိုင်းတွင် ဗိုလ်လုပွဲယှဉ်ပြိုင် ကစားကြကာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များတို့က တက်ရောက် အားပေးပြီး ဆုရရှိသည့် အသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)