သာစည် ဖေဖော်ဝါရီ ၁၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါလမ်းထိပ်မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ကြက်မောက်ကျေးရွာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်း က ကျေးရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်ပြီး ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူး တေဇာမြင့်၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း တို့က ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါကွန်ကရစ်လမ်းမှာ လမ်းအရှည် ၇၀၀ ပေ၊ လမ်းအကျယ် ၁၂ ပေ နှင့်ထု ၆ လက်မရှိပြီး ၂၀၂၁ - ၂၀၂၂ ခုနှစ် (၆လ) ဘဏ္ဍာရေးနှစ် (VDP)ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၃၅.၇ သိန်း စုစုပေါင်းငွေကျပ် ၁၃၅.၇ သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် (၆လ)ဘဏ္ဍာရေးနှစ် အတွင်း (VDP)ဖြင့် ကျေးရွာ ၄ ရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း ၄ လမ်းကို နိုင်ငံတော် ထောက်ပံ့ငွေနှင့်ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလမ်းဖွင့်ပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်