ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အားကစားပြိုင်ပွဲ ကျင်းပ

ဓနုဖြူ မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ကလေးငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြက်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေစိုးမှ ကလေးများအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန် ပူးပေါင်းညှပ် အားကစားပြိုင်ပွဲနှင့် ပူပေါင်းဖောက် အားကစားပြိုင်ပွဲများ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ် (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်