မန်ကန် မတ် ၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်ရေး အသိပညာပေး ပြက္ခဒိန်များကို ယမန်နေ့နံနက်ပိုင်းက မြို့တွင်းရှိ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ရှိ လူနေအိမ်များ၊ စျေးဆိုင်များတွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါ ပြက္ခဒိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်ရေး အသိပညာပေးကာတွန်းများ၊ လျှပ်စစ်ဓာတ်အားချွေတာနိုင်ရေး နိုးဆော်စာများ၊ ရုပ်ပုံများကို ပြက္ခဒိန်အတွင်းဖက် လအလိုက်စာမျက်နှာများတွင် ပြသ ထားသောကြောင့် မန်ကန်မြို့ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားကို ချွေတာစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်မှူး ဦးစိုင်းဆိုင်က အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မန်ကန်