ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ဘားအံ မတ်  

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ် ပြပွဲကို ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ခက်ခက်လွင်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏အလုပ်ချိန်ကန့်သတ် ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်စသည့် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် သိမှတ်ဖွယ်ရာအကြောင်းအရာများကို အသိပညာပေး ဟောပြောပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များကို ခင်းကျင်း ပြသထားရှိရာ ဘားအံမြို့ အ-မ-က(အိမ်တိုင်ကုန်း)ကျောင်းမှ ကျောင်းသား/သူများက  လာရောက် လေ့လာ မှတ်သားကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)