ကျောက်ကြီးမြို့နယ်တွင် နွေစပါးစိုက်ပျိုးဧက (၄၄၆) ဧက စိုက်ပျိုးနိုင်ခဲ့

ကျောက်ကြီး မတ် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးဧက(၄၄၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

ကျောက်ကြီးမြို့နယ်အနေဖြင့် အင်းနက်ကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာအုပ်စု၊ မအူပင်ဆိပ် ကျေးရွာအုပ်စု၊ ကျောက်ပုံတောင်ကျေးရွာအုပ်စု၊ ဒေါင်းမို့ကျေးရွာအုပ်စု၊ မဲပုတ်ကျေးရွာအုပ်စုနှင့် ရွာကြီးအင်းကျေးရွာအုပ်စု တို့တွင် နွေစပါးစိုက်ပျိုး ဧက(၄၄၆) ဧကရှိပြီး တောင်သူ (၁၀၀) ကျော်မှ ဒီဇင်ဘာလကုန်ပိုင်းက စတင်၍ ဆင်းသုခ၊ ရက်(၉၀) စပါးမျိုးဖြင့် စိုက်ပျိုးကြပြီး၊ စပါးအထွက်နှုန်း ကောင်းမွန်စေရန် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက်နည်းစနစ်မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ သုံးစွဲတတ်စေရေးနှင့် ပိုးမွှားကျရောက်မှုမှ ကာကွယ်နှိမ်နင်းခြင်းနည်းစနစ်အား ကွင်းဝန်ထမ်းနှင့် လိုက်လံ၍ နည်းပညာပေး ဆောင်ရွက်ပေးလျက်ရှိပြီး၊ စိုက်ပျိုးမြေ အနေအထားအရ တစ်ဧကလျှင် နွေစပါး အထွက်နှုန်း တင်း(၁၀၀) နှင့်အထက် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမောင်မောင် ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)