တောင်ကြီး မတ် ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင်၏ လုပ်ငန်းများကို စွမ်းဆောင်ရည်မြင့်မားစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများအား မွမ်းမံသင်တန်းကို မတ်လ ၇ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသန့်ထွန်း၊ တောင်ကြီးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်း တို့က ဌာနလုပ်ငန်းများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်/မြို့ (၁၃) မြို့မှ အရာထမ်း/ အမှုထမ်း (၃၆) ဦးအား သင်ကြားပို့ချပေးလျက်ရှိပြီး ပြည်နယ်အတွင်းရှိ ကျန်ခရိုင်များတွင်လည်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်/မြို့ရုံးများတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းများကို ဆက်လက်ပြီး ဆင့်ပွားဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်နိုင်လင်း