ကျောက်မဲ မတ် ၉
ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် ၂ နှစ်အောက်ကလေးများအား ငွေကြေး ထောက်ပံ့ပေးခြင်း MCCT အစီအစဉ်အရ နိုင်ငံတော်မှ ကျောက်မဲမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးများအား တစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၅၀၀၀- ကျပ်နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်အောက်တိုဘာ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာ လများအတွက် ၃ လစာထောက်ပံ့ငွေများကို ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု၏ တာဝန်ရှိသူများလက်ဝယ်သို့ ယမန်နေ့ နံနက်ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ ထုတ်ပေးရာတွင်ကျောက်မဲမြို့နယ်အတွင်းရှိ ကိုဝန်ဆောင်မိခင်ပေါင်း ၁၈၉၃ ဦးနှင့် ၂ နှစ်အောက်ကလေး ၁၂၃၆ ဦးတို့အတွက် ထောက်ပံ့ငွေ ၃ လစာ ၁၃၇၇၃၀၀၀၀-ကျပ်သိန်း တစ်ထောင့်သုံးရာခုနှစ်ဆယ်ခုနှစ်သိန်းသုံးသောင်းကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု တာဝန်ရှိသူများလက်ဝယ်သို့ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် ၂ နှစ်အောက် ကလေးများ လက်ဝယ်အရောက် ထပ်ဆင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အလားတူ လူမှုန်ဝန်ထမ်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွားများကို တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် လူမှုရေး ပင်စင်ငွေများ ပုံမှန်ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)