မြောင်းမြတွင် အခြေခံပညာကျောင်းများ၌ မူးယစ်‌ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

မြောင်းမြ မတ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့လူငယ် လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနိုင်စေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်က   မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ကို အမှတ် ၁၃ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြသခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းရှောင်ကြဥ်ရမည့်နည်းလမ်းများ၊ ဆေးလိပ်အစ မူးယစ်ဆေး ဆောင်းပါး၊ ကဗျာ၊ ကာတွန်း စသည့် အကြောင်းအရာများ ပြသထားရာ ကျောင်းသားလူငယ်များစိတ်ဝင်စားစွာ ကြည့်ရှု့လေ့လာ ခဲ့ကြသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတများရရှိစေရန်၊ အတုမြင်အတတ်သင် လူငယ်များလမ်းမှားမရောက်စေရန်၊ မူးယစ်ဆေးဝါး သားကောင်မဖြစ်စေရန် ရည်ရွယ်၍ ယခုလို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းများသို့ အရောက် လိုက်လံပြသဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်ရူပါအေး