မောက်မယ် မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၁)ခုနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စည်ပင် သာယာရေးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချရေးကြီးကြပ်မှု အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှမြင့် နှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနကိုယ်စား ဦးစီးအရာရှိ ဦးသောင်းထွန်းဇော်တို့က အမှာစကားပြောကြားပြီး မောက်မယ်မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇေယျာလွင်က စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပေးရေးစည်းကမ်းချက်များအား တက်ရောက်လာကြသည့် လေလံလျှောက်လွှာတင်ထားသူများထံ ရှင်းလင်းပြောကြားပြီး စျေးပြိုင်လေလံစနစ်ဖြင့် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၁)ခုနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ရောင်းချပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုစျေးပြိုင်လေလံစနစ်ဖြင့်ရောင်းချပွဲတွင် မွေတော်ရပ်ကွက်နေ ဒေါ်နန်းသန်းသန်းစိန် က မြို့မ စျေးကောက်လိုင်စင်အား ကျပ်(၁၁.၅)သိန်းနှင့် မြို့မဝက်လိုင်စင်ကို ကျပ်(၈၉)သိန်းဖြင့်လည်းကောင်း၊ မြို့မအမဲလိုင်စင်ကို မွေတော်ရပ်ကွက်နေ ဦးစိုင်းအွမ်မှ ကျပ်(၄၇)သိန်းဖြင့်လည်းကောင်း အသီးသီး လေလံအောင်မြင်ရရှိခဲ့ကြကြောင်း မောက်မယ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇေယျာလွင်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)