မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းငေါ့ မတ်  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန် က မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ် က ကျောင်းသား/သူများအား ကျောင်းစာများအပြင်  ပြင်ပ ဗဟုသုတရရှိရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိလာ စေရန်နှင့် စိတ်အပန်းဖြေ ပျော်ရွှင်စေရန်အတွက်ငါးကလေးရဲ့ရေအောင်ကမ္ဘာရုပ်ပြပုံပြင် စာအုပ်ဖြင့် ပုံပြောခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်သွယ်