ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါ သိကောင်းစရာများ အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်မဲ  မတ်   

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါ သိကောင်းစရာများ အသိပညာပေး  Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီက  သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါအမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်များ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ၊ မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ခြင်း၊ ကြည့်ရှု့စောင့်ရှောက်ခြင်းနှင့် သားသမီးတို့၏ တာဝန်များ၊ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိ ပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်းနှင့်  အဆိုပါ ဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)