ဒေးဒရဲမြို့၌ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ ရှောင်တခင်စစ်ဆေး

ဒေးဒရဲ မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသောက်ကုန်များ စျေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် ကုန်စည်များ ရောင်းချမှု မရှိစေရေးအတွက် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က အမှတ်(၂) ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် အမှတ်(၂) ရပ်ကွက်အတွင်း မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန်စျေးနှုန်းများ တည်ငြိမ်မှုရှိစေရေးနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိ ရှောင်တခင်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဒေးသူ