ပညာရေးဌာနနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ရာမညဓားရေး ၁၀၀ သိုင်းသရုပ်ပြသ

ဘီးလင်း မတ် ၁၀

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  အားကစားလှုပ်ရှားဆောင်ရွက်မှုအဖြစ် ပညာရေးဌာနနှင့် ပူးပေါင်း၍ ရာမညဓားရေး ၁၀၀ ဓားသိုင်းသရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဓားသိုင်းသရုပ်ပြသခြင်းကို ဘီးလင်းမြို့ (ကန်သာယာ) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ရာမည ဓားရေး ၁၀၀ကို တစ်ဦးချင်း လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ထူးနောင် (ဘီးလင်း)