မိုင်းခုတ်မြို့ရှိ လွယ်မောစေတီတော်မြတ်ကြီး ထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကမင်္ဂလာ အခမ်းအနားကျင်းပ

မိုင်းခုတ်  မတ်  

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်()ရပ်ကွက်၌ တည်ထားကိုးကွယ် လျက်ရှိသော လွယ်မောစေတီတော်မြတ်ကြီးအား ထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ စေတီတော်မြတ်၌ တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ နယ်မြေခံတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး အောင်သီဟဆွေနှင့် အလှူရှင်အပေါင်းက စိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့် ပန်းကလပ်၊ ဟင်္သာနှင့် ခေါင်းလောင်း၊ ထီးတော်(၁၊ ၂၊ ၃၊ )နှင့် တံခွန်တိုင်စိန်ဖူးတော်တို့ကို စေတီတော်တွင် လှည့်လည်ပူဇော်ပြီး ထီးတော်တင်လှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အလှူရှင်အပေါင်းနှင့် ဧည့်ပရိတ်သတ်အပေါင်းက မိုင်းဆတ်မြို့၊ မြို့ဉီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံမှ ဗုဒ္ဓဘိသေကမင်္ဂလာခံယူပူဇော်ကာ လွယ်မောစေတီတော်မြတ် ဆရာတော် ဘဒ္ဒန္တဩဘထံမှ ရေစက်သွန်းချ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)