တောင်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်း စစ်ဆေး

တောင်ဥက္ကလာပ    မတ်   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်မင်း  ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၄)ရပ်ကွက်၊အမှတ်(၅)အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေးရှိစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေး၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ယခုအချိန် ပွင့်လင်းရာသီရောက်ရှိလာသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်ကြသည့် မိဘပြည်သူများ မီးဘေးလုံခြုံရေးအတွက် မိမိနေအိမ်၊ ပတ်ဝန်း ကျင်တွင် ချက်ပြုတ်သုံးစွဲသည့် လျှပ်စစ်မီး၊ မီးဖိုများမှ မီးလန့်မှုများ၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်အောင် မီးကို အထူးသတိပြု၍ ချက်ပြုတ် သုံးစွဲကြရန်၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦးမီးငြိှမ်း သတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဗူးများအား အသင့်တပ်ဆင် ထားရှိကြရန်၊ မီးသတ်ဆေးဗူးများ ဟောင်းနွမ်းနေပါက အသစ်လှဲလှယ်တပ်ဆင်ကြရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကာ အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရှိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)