မတ္တရာ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ၇၇နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုစာစီစာကုံး၊ ကျပန်းစကားပြော၊ ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ များကို မတ်လ ၈ရက်၊ ၉ရက်နှင့် ၁၀နေ့တို့တွင် မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများ၌ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “အစဉ်အလာကောင်းသော မြန်မာ့တပ်မတော်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲကို မဲနှိုက်၍ မဲကျရာ ခေါင်းစဉ်များဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “ပြည်သူအားထားမြန်မာ့တပ်မတော်သား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို မဲနှိုက်၍ မဲကျရာ ခေါင်းစဉ်များဖြင့် လည်းကောင်း၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို “မြတ်သောစွန့်လွှတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးရောင်ခြယ် ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယု၊ အဖွဲ့ဝင်(၂) ဦးမောင်မောင်သန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးနိုင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူမြင့်တို့မှ ကြည့်ရှုအားပေးခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူများအား စာရေးကိရိယာ လက်ဆောင်များပေးအပ်ခဲ့ပြီး ဆုရရှိသူများကို အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)