အမျိုးသမီးငယ်များ လုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း သင်တန်း ဖွင့်လှစ်

တွံတေး မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန( Commu nity Centre)တွင် အမျိုးသမီးငယ်များ အိမ်မှုကိစ္စအပြင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ပြီး မိသားစုကိုတစ်ဖက်တစ်လမ်းမှတစ်ဆင့်  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အခြေခံမှတစ်ဆင့် အဆင့်မြင့်သင်တန်းများအတွက် အခြေခံရရှိရေး တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းမှ အပိုဝင်ငွေရှာနိုင်ရန်မိသားစုဝင်ငွေတိုးစေရန်ရည်ရွယ်၍ဆပ်ပြာဆီ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲကလူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးသက်ဦး၊ ဦးစီးအရာရှိ (တာဝန်ပေး)က တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်များ၌ ဆပ်ပြာဆီသင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့အား ရှင်းလင်းပြောကြားပြီး သင်နည်းပြ ဆရာမဒေါ်သန်းသန်းအေးက သင်တန်း တွင်စာတွေ့၊ လက်တွေ့များသင်ကြားပေးမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ပါဝင်ပြီး လက်တွေ့ဆောင်ရွက်ရမှာဖြစ်လို့ သေချာလေ့လာသင်ယူကြရန် ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ တွံတေးမြို့နယ် သင်တန်းနည်းပြဆရာမနှင့် သင်တန်းသူများတက်ရောက်ကြသည်။

အဆိုပါ သင်တန်းသို့ကျေးရွာများမှသင်တန်းသူ (၆) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၂)ရက်ကြာ သင်တန်းဖြစ်ကာ ဆပ်ပြာဆီကို စီးပွားဖြစ် ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်တန်းကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွံတေးသား