ဘိုကလေး မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်မှ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သင်တန်းသား/ သူများအား မီးဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအန္တရာယ်များ အကြောင်း၊ အဆိုပါ ဘေးအန္တရာယ်များနှင့် ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောကာ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအပါအဝင် နည်းပြများနှင့်အတူ ပူးပေါင်း၍ မိုးကြိုးဘေး၊ ငလျင်ဘေးတို့နှင့် ပတ်သတ်၍ သဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစက်