ရေး မတ် ၁၀
မွန်ပြည်နယ် ရေးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့စစ်ဆေးပေးခြင်းများကို မြို့နယ် ကုတင်၁၀၀ ပြည်သူ့ဆေးရုံ၌ ယမန်နေ့ ကစတင် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါ စစ်ဆေးပေးခြင်းသည် မြို့နယ်အတွင်း ဒုတိယအကြိမ် စစ်ဆေးပေးခြင်းဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွားများမှ အမျိုးသမီး အယောက်(၂၀၀)ကို အခမဲ့စစ်ဆေး ပေးနိုင်ခဲ့သည်။
၎င်းသားအိမ်ခေါင်းကင်ဆာ ရောဂါသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားမှု အများဆုံး ရောဂါဖြစ်ပြီး မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းလုံးတွင်လည်း သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားပြီး အမျိုးသမီးများ နှစ်စဉ်သေဆုံးလျက်ရှိခြင်းကြောင့် သားအိမ်ခေါင်း ကင်ဆာရောဂါအား စောစီးစွာ စစ်ဆေးသင့်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။
ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)