ဆင်ပေါင်ဝဲ မတ် ၁၀
ဆင်ပေါင်ဝဲမြို့နယ်၊ အင်းကြားကျေးရွာတွင် ယမန်နေ့က လူနေအိမ်(၄)လုံး မီးလောင်ကျွမ်းခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့် ပြည်သူ လက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အင်းကြားကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မီးဘေးသင့်အိမ် ထောင်စု(၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး တစ်သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၄)စုအတွက် ၄၀၀၀၀၀ကျပ်၊ မီးဘေးသင့် အိမ်ထောင်စုမှလူဦးရေ (၁၃)ဦးအတွက် တစ်ပတ်စာဆန် ရိက္ခာဖိုး ၂၇၃၀၀ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း နှင့် တာဝန်ရှိသူများမှ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)