ဆင်ပေါင်ဝဲမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၄၉၃)ဦး ကွင်းဆင်းဆောင်ရွက်ပြီးစီး

ဆင်ပေါင်ဝဲ မတ် ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သရက်ခရိုင် ဒုတိယညွှန်ကြားရေးမှူး  ဦးသိန်းဇော်၏ အနီးကပ် ကြီးကြပ်မှုဖြင့်  ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ ရုံးဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးကို အထူးအလေးထား၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ အချိန်အထိ အသစ်၊ လဲလှယ်၊ မိတ္ထုအပါ နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၄၉၃) ဦးကို ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျာထားဦးရေ (၁၃၆၂) ဦးအနက် ယနေ့အချိန်အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၈၉၉)ဦးနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၀၇၀)ဦး စုစုပေါင်းပြည်သူ(၁၉၆၉)ဦး ဆောင်ရွက်နိုင်ခဲ့၍ (၁၄၄.) ရာခိုင်နှုန်းကျော် ပြီးစီးပါကြောင်းနှင့် မိမိဌာနမှ ပြည်သူများအတွက် '' လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ '' ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၉)အုပ်စု၊ ကျေးရွာပေါင်း (၁၄၂)ရွာအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပါတယ်ဟု ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသိန်းလွင် က ပြောကြားခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)