သံဖြူဇရပ် မတ် ၁၀
နွေရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ ခရီးသွားလာရာတွင် မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေး တို့အတွက် ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျောင်းပိုင်းရပ်ကွက်နှင့် စက်သစ်ရပ်ကွက်ရှိ အဝေးပြေးကားဝင်း၌ မော်တော်ယာဉ်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့မှ တာဝန်ရှိသူများ ပူးပေါင်းက သံဖြူဇရပ်မြို့နယ် ကျောင်းပိုင်း ရပ်ကွက် အဝေးပြေးကားဝင်းရှိ Express မော်တော်ယာဉ်များနှင့် စက်သစ်ရပ်ကွက်ရှိမြို့နယ် မော်တော်ယာဉ် ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီယာဉ်လိုင်းများမှ မော်တော်ယာဉ်များကို မီးလောင်မှု မဖြစ်ပွားစေရန် မော်တော်ယာဉ်များပေါ်တွင် မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကားအင်ဂျင် ခန်းများအား စစ်ဆေးခြင်းနှင့် တရားမဝင်ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)