မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး

မံစီ မတ် ၁၁

ကချင်ပြည်နယ်၊  ဗန်းမော်ခရိုင်၊  မံစီမြို့နယ်အတွင်းရှိပြည်သူများ   ကိုဗစ်-၁၉ရောဂါ  ကြိုတင် ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက်  မတ် ၁၁ ရက်နေ့က မံခံရေခူးကျေးရွာနှင့် ကုန်းတိန်ကျေးရွာတို့၌ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများကို ကျေးရွာကာကွယ်ဆေး ထိုးစုရပ်များသတ်မှတ်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့သည်။ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များကလည်း ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများ အဆင်ပြေစေရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများကို ကာကွယ်ဆေးအကြောင်း၊ နှာခေါင်းစည်း(Mask) များစနစ်တကျ တပ်ဆင်စွန့်ပစ်အသုံးပြုပုံနှင့် မိုင်းအန္တရာယ်အကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။

မံစီမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်အဆင့် ကြီးကြပ်မှုအဖွဲ့က  မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များကို ပူးပေါင်းကာ ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် ကြီးကြပ်ရေးအဖွဲ့များ၊ အသိပညာပေးရေးအဖွဲ့များ၊ စာရင်းကောက်ယူပြုစုရေး အဖွဲ့များနှင့် ကာကွယ်ဆေးထိုးနှံမည့်အဖွဲ့များကို စနစ်တကျဖွဲ့စည်း၍လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိနေကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)