ဘောဂလိ မတ် ၁၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ဖြန့်ချိသည့် ဒေါနမြေလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဘောဂလိမြို့အတွင်းရှိ နေအိမ် များ၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကိုဗစ်-၁၉ ကာလ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ် စသည့် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများ ပါဝင်ပါသည်။
ကလေးလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာကွယ်ပေးနိုင်ရေးနှင့် အန္တရာယ် ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့် သက်မွေးပညာ ကျောင်းများတွင် တက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ဒေါနမြေလက်ကမ်းစာစောင်ကို ထုတ်ဝေခဲ့ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး