မံစီ မတ် ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ဂျိန်းဖေါ့မြေရပ်ကွက် အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှင့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်ခိုင်မာဦးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများကိုလည်းကောင်း၊ တပ်ဖွဲ့ဝင် ဦးထက်ရှိအောင်က ရှောင်ရှားရမည့် မိုင်းအန္တရာယ် အကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။ အသိပညာပေး ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများ အလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ဗီနိုင်း ပိုစတာပုံများဖြင့် ပြသဟောပြောခဲ့ပြီး မိုင်းအန္တရာယ် အသိပညာပေး ကာတွန်းသရုပ်ပြစာအုပ်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)