အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် (၉)နာရီအချိန် က သင်တန်းကျောင်းရှိ ဝန်ထမ်းများနှင့် ကျောင်းသား/သူများအား သတင်းအမှား/အမှန်ခွဲခြား သုံးသပ်နိုင်ရေး၊ ဥပဒေရေးရာ၊ မူးယစ်ဆေးဝါးဆိုင်ရာ၊ Social Media အသုံးပြုရာတွင် ဆောင်ရန်/ ရှောင်ရန် အချက်များ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြို့လယ်ကျောင်းရှိ မဟာမြတ်မုနိဘုရားကြီး အတွင်း/အပြင် သန့်ရှင်းသာယာရေးအတွက် ဌာနဆိုင်များစုပေါင်း၍ ယမန်နေ့နံနက် (၈)နာရီအချိန် က သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 12,2022
ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိ‌စေရေး၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကို ယမန်နေ့က အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ မြို့မရဲစခန်း၊ မြို့နယ်လျပ်စစ်၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံးများအား ယမန်နေ့က မြို့နယ်မီးသတ်တပ်ဖွဲ့မှ စခန်းမှုးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရယ်ဖြစ်ပွားပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုပုံ နည်းစနစ်များ မှန်ကန်ရေး၊ သက်ဆိုင်ရာ တပ်ဖွဲ့ရုံးများတွင် မီးချိပ်၊ မီးကပ်၊ ရေသဲထားရှိမှုများကို ကြည့်ရှု့စစ်ဆေးပြီး လက်တွေ့သရုပ်ပြငြှိမ်းသတ်ပုံများကို ရှင်းလင်းပြသကြသည်။ 
Mar 12,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေ ဝါသနာရှင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
Mar 12,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင် များနှင့် မိသားစုများအား ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉နာရီခွဲ အချိန်က ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ကန္ဒာရဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 12,2022
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မိုးကြိုကာလ၌ ဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးဒဏ်ကြောင့် နေအိမ်များထိခိုက်ပျက်စီးမှု လျော့နည်း သက်သာ စေရေးအတွက် ကြံ့ခိုင်မှုအားနည်းသည့် နေအိမ်များအား ရွေးချယ်၍ အားဖြည့် ပြင်ဆင်ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့နယ် သရက်လေးပင်ကျေးရွာနှင့် အင်းကုန်းကျေးရွာများရှိ ကြံ့ခိုင်မှုအားနည်းသည့် နေအိမ်များအား အားဖြည့် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် အသက်၁၈နှစ်နှင့်အထက် တစ်ကြိမ် တခါမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသော ရဟန်း၊ သံဃာ၊ ပြည်သူများကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ကြံခင်းမြို့ ရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး ဆေးထိုးစုရပ် တန်ဆောင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး phase-9 ပထမအကြိမ် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။