ဗန်းမောက်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ (၅၄၀)ဦး ဝင်ရောက်ဖြေဆိုမည်

ဗန်းမောက် မတ် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂ ခုနှစ်မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာနမှ ကျောင်းသား ကျောင်းသူ (၅၄၀)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယခင်နှစ်များ၌ မြို့နယ်အတွင်း စာစစ်ဌာန()နေရာခွဲ၍ ဖြေဆိုခဲ့သော်လည်း ယခုဖြေဆိုသည့် နှစ်တွင် ဗန်းမောက်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုထဲ၌ စာမေးပွဲကို ကျင်းပ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေသူဟန်(ဗန်းမောက်)