ဆီဆိုင် မတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စျေးပြိုင်လေလံ စနစ်ဖြင့်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်စည်ပင်သာယာရေးဌာန၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်က လုပ်ငန်းလိုင်စင်များနှင့်ပတ်သည့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ လေလံတင်ရောင်းချရာတွင် အရပ်ရပ်အခွင့် အရေးလိုင်စင်(၁၁)ခုမှ လေလံကြေးငွေကျပ် (၃၉၉၆၀၀၀၀)၊ သားသတ်လုပ်ငန်းလိုင်စင် (၁၇)ခုမှ လိုင်စင်ကြေး ငွေကျပ် (၁၉၄၁၉၀၀၀၀)၊ စုစုပေါင်း ငွေကျပ်(၂၃၄၁၅၀၀၀၀)အား စျေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)