ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲခြင်း နည်းပညာဆွေးနွေးပွဲကျင်းပ

တောင်ကုတ် မတ် ၁၃

သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ပိုးသတ်ဆေးများနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲခြင်းနည်းပညာပေးဆွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးက အမှာစကားပြောကြားပြီး နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက ပိုးသတ်ဆေးများနှင့် စပ်လျဉ်း၍ တောင်သူများ ဘေးန္တရာယ် ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲတတ်ရန်ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေးသုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်း ရေး၊ ပိုးသတ်ဆေးကိုအကျိုးအာနိသင်ထိရောက်မှုရှိစေရေးတို့ကို ဆွေးနွေးသည်။

ထို့နောက်မြို့နယ် ကျန်းမာရေးဌာနမှ ဦးလှမျိုးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်း တို့မှ စားသုံးသူကာကွယ်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ ဆွေးနွေးသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးသုံးဆေးဆိုင်များ၊ တောင်သူများ တက်ရောက်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်