ကသာ မတ် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကသာမြို့တော် ခန်းမ၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်က ကသာမြို့၊ ပတ္တမြားရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကသာမြို့တော်ခန်းမတွင် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)